shweminthar

Sep 06

စိုမှာစိုးလို့ မိုးမိတယ် မင်းခိုက်စိုးစန်

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့…
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့…. “ရွာသူ”ရေ
ရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်……
သခင်မ…..
ပျော်ပါ…၊ ပါးပါ…၊ စားပါ…၊ သောက်ပါ…
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ….။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ….။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်း…..အတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ….။

မင်းခိုက်စိုးစန်
စိုမှာစိုးလို့ မိုးမိတယ် စာအုပ်မှ

Aug 24

မင်္ဂလာပါ

ယာယီအနေနဲ့တင်ထားတာပါ။

ပုံများပေးပို့လိုပါကyinbatsaunttatnat@gmail.comကိုပေးပို့နိုင်ပါတယ်။

[video]

Aug 22